Docker Networking Example

Docker Networking Example

Docker Network tutorial ဖတ်ပြီးပြီဆိုရင် Example လေး စမ်းလုပ်ကြည့်လို့ရပါတယ်။

ကျွန်တော်တို့ ဒီ Tutorial မှာတော့ docker containers နှစ်ခုနဲ့ docker network အသေးစားလေး တစ်ခု လုပ်ပြသွားမှာ ဖြစ်ပါတယ်။

MySQL – A relational database server.

PHPMyAdmin – A web based interface to manage MySQL server.

အခု tutorial မှာတော့ အခြား MySQL server ကို access လုပ်ဖို့အတွက် အခြား container တစ်ခုမှာ run ထားတဲ့ PHPMyAdmin ကို အသုံးပြု ပြသသွားမှာ ဖြစ်ပါတယ်။

Network တခု Create လုပ်ခြင်း။

ပထမဦးစွာ အနေဖြင့် docker network အသစ် တစ်ခုကို Create လုပ်ဖြစ်ပါတယ်။ my-bridge-network အမည်ရှိသော network အသစ်ကို အောက်ပါ command အသုံးပြုပြီး create လုပ်ပါ။

  $ docker network create -d bridge my-bridge-network

MySQL Container ကို Run ခြင်း။

အခု ကျွန်တော်တို့ MySQL docker container အသစ်ကို Run မှာ ဖြစ်ပါတယ်။

Default root userရဲ့ password အသစ်ကို သတ်မှတ်ဖို့အတွက် MYSQL_ROOT_PASSWORD variable ကို အောက်မှာပြထားတဲ့အတိုင်း ရိုက်ပါ။

$ docker run --name mysql -e MYSQL_ROOT_PASSWORD=secret -d mysql/mysql-server

Container တစ်ခု create ပြီးနောက် စောစော က ကျွန်တော်တို့ create ထားတဲ့ my-bridge-network network နဲ့ ချိတ်ဆက်မှာ ဖြစ်ပါတယ်။

$ docker network connect my-bridge-network mysql

နောက် တဆင့် အနေနဲ့ MySQL container ရဲ့ IP address အသစ် ကိုကြည့်မှာဖြစ်ပါတယ်။

PHPMyAdmin Container ကို Run ခြင်း။

အခု ကျွန်တော်တို့ Docker container အသစ်ဖြစ်တဲ့ phpmyadmin ကို run မှာ ဖြစ်ပါတယ်။

MySQL ကို Run ခြင်း နောက်ဆုံးအဆင့်မှာ ရခဲ့တဲ့ MySQL container IP address ကို PMA_HOST value အနေနဲ့ထည့်ပါမယ်။

ပြီးနောက် phpmyadmin container ကို my-bridge-network ထဲ add လိုက်ပါ။

My-bridge-network Network ရဲ့ အချက်အလက် ကိုကြည့်ခြင်း။

အပေါ်မှာ ပြခဲ့တဲ့ containers နှစ်ခု ကို ကျွန်တော်တို့ my-bridge-network ထဲ ထည့်ပြီးသွားတဲ့ အတွက် လက်ရှိ my-bridge-network ရဲ့ setting ကို ကြည့်လိုက်ရအောင်။

My-bridge-network ရဲ့ setting ကို ကြည့်ရင်တော့ အခုလိုတွေ့ရမှာဖြစ်ပါတယ်။

Allow MySQL to PHPMyAdmin Host

MySQL default အနေနဲ့ကတော့ remote hosts connect လုပ်တာကို ခွင့်မပြုထားပါဘူး။

ဆိုတော့ ကျွန်တော်တို့က MySQL connection အတွက် phpmyadmin ကို allow

လုပ်ပေးရမှာ ဖြစ်ပါတယ်။ MySQL container shell access ရဖို့အတွက် အောက်မှာ ပြထားတဲ့ လုပ်ရမှာဖြစ်ပါတယ်။

MySQL server ထဲကို MySQL container create လုပ်တုန်းက ပေးထဲ့ခဲ့တဲ့ Password ကို အသုံးပြုပြီး Login ဝင်လိုက်ပါ။

phpmyadmin host ip address နဲ့ user အသစ် create လုပ်လိုက်ပါ။ ဒီ tutorial ထဲမှာတော့ phpmyadmin host ip address ကတော့ ‘172.21.0.3‘ ဖြစ်ပါတယ်။

Access MySQL with PHPMyAdmin

နောက်ဆုံးအနေဖြင့် ကျွန်တော်တို့ ရဲ့ docker host system က port 8080 မှ တဆင့် phpmyadmin web user interface ကို ချိတ်ဆက်လို့ ရသွားပါတယ်။

phpMyAdmin ကို MySQL ရဲ့ အချက်အလက်တွေ သုံးပြီး အပေါ်မှာ ပြထားတဲ့ အတိုင်း Login ဝင်ရန် အသုံးပြုလို့ရပါတယ်။

Last updated

Was this helpful?